
ကျွန်တော့်လိုဖုန်းကလိတတ်ကြတဲ့အမျိုးတွေအတွက်ကျွန်တော်စဉ်းစားမိသလောက်ဆောင်ရန်အချက်လေးတွေ
ရေးပေးလိုက်ပါတယ်..ကျွန်တော်အပါ
အဝင်တော်တော်များများဖုန်းကလိကြပါ
တယ်..ဖုန်းရဲ့နိုတီဘားမှာပုံတွေထည့်တယ်
အရောင်တွေပြောင်းတယ်.. System UI
ထဲဝင်ကလိတယ်..Root ဖေါက်တယ်..မြန်
မာစာသွင်းတယ်..Custom Recovery သွင်းတယ်..Firmware တင်လိုက်၊ချလိုက်
လုပ်ကြတယ်..အကျိုးဆက်ကဘာလဲဆိုတော..Error တွေတက်တယ် ၊ System
UI ပျောက်သွားတယ်..data တွေပျောက်သွားတယ်..Firmware ကျသွားတယ်..
အဲလိုပေါ.နော်..အဲခါမှာကျွန်တော်တို့
အဆင်ပြေနိုင်မဲ့နည်းတွေရှာကြံပီး Error
ကို Fix လုပ်ကြတယ်..အဆင်မပြေရင် Factory reset ချတယ်..အာ.မှအဆင်မပြေသေးဘူးဆိုရင် Firmware ပြန်တင်ကြတယ်..အဲခါမှာအလုပ်ရှုပ်ပီးအချိန်ကုန်
ပ်ါတယ်..ဖုန်းတလုံးကိုအသစ်ကနေပြန်ပီး
မိမိအသုံးပြုနေကြပုံစံမျိုးဖြစ်အောင် Setting တွေပြန်ချိန်ရတယ်..Root ဖေါက်ပီးမြန်မာစာပြန်သွင်းရတယ်..အသုံးပြုနေကြ
ဆော့ဝဲလ်တွေပြန်အင်စတောလုပ်ရတယ်မရှိတော.ရင်ဆိုဒ်တွေ၊ဂရုတွေမှာလိုက်ရှာ၊ရှိတဲ့သူဆီကလင့်ခ်တွေတောင်းပြီးဒေါင်းလုဒ်ဆွဲရတယ်..ကျွန်တော်အဲဒုက္ခတွေကကင်းဝေးပီးအချိန်တိုတွင်းမှာမိမိဖုန်းကိုအသုံးပြုနေကြပုံစံအတိုင်းပြန်ဖြစ်စေဖို့
ဆောင်ရန်အချက်လေးတွေကိုရေးပေးလိုက်
ပါတယ်..
✏ မိမိဖုန်းရဲ့အမျိုးအစား၊မော်ဒယ်၊ဗားရှင်း
IMEI no: အစရှိတဲ့သိသင့်တဲ့အချက်အ
လက်တွေသိရှိအောင်လုပ်ထားပါ.
✏ အရေးကြီးတဲ့ data တွေ၊Contact list
တွေကိုBackup ဆော့ဝဲလ် ( eg: Titanium backup apk ) တခုခုသုံးပီး
Backup ယူထားပါ..backup ဖိုင်ကိုဖုန်းရဲ့
External sd card ထဲထည့်ထားပါ
✏ မိမိအသုံးပြုလေ.ရှိတဲ့ဆော့ဝဲလ်..ဥပမာ Facebook / Messager / viber
အစရှိတဲ့ဆော.ဝဲလ်တွေကို System app
အဖြစ်သို့ပြောင်းပေးပါအသုံးပြုနိုင်တဲ့ဆော့
ဝဲလ်တွေအများကြီးရှိပါတယ် ( eg: Link2
SD / Lucky patcher / Root explorer )
System app သို့ပြောင်းလိုက်ခြင်းအားဖြင့်
ဖုန်းကို Factory reset ချတဲ့အခါမျိုးတွေမှာ
System app ပြောင်းထားတဲ့ဆော့ဝဲလ်တွေကိုပြန်အင်စတောလုပ်စရာမလိုတော့ပါ
ဘူးဖုန်းရဲ့..ဖုန်းဟန်းပီးအသုံုးုပြုရလေးလံနေလို့၊ကလိလို့ Error တက်ပီးဖုန်းကို
Factory reset ချတဲ့အခါမျိုးမှာဆော့ဝဲလ်
တွေပြန်အင်စတောလုပ်ရတဲ့အချိန်၊ဒုက္ခတွေကကင်းဝေးနိုင်ပါတယ်..
✏ မိမိအသုံးပြုနေကြဆော.ဝဲလ်တွေကိုပဲ
Backup လုပ်ထားပီးဖုန်းရဲ့ External sd card ထဲအမြဲဆောင်ထားပါ..Factory reset ချရုံလောက်နဲ့အဆင်မပြေပဲ Firmware ပြန်တင်ရမဲ့အခါမျိုးတွေမှာ
အင်တာနက်လိုင်းမကောင်းလဲပြန်ပီးဒေါင်း
နေစရာမလိုတော့ပဲအလွယ်တကူအင်စ
တောပြန်လုပ်နိုင်ပါတယ်.. Update လုပ်ဖို့
လိုအပ်ရင်တော့အင်တာနက်ရှိမှ၊လိုင်းကောင်းပီးအဆင်ပြေတဲ့အချိန်မှပြန်လုပ်ပေါ့နော်..
✏ မိမိဖုန်းအမျိုးအစား၊ဗားရှင်းနဲ့ကိုက်တဲ့
Custom Recovery တခုခုကိုသွင်း
ထားသင့်ပါတယ်..
✏ ကွန်ပြူတာမရှိရင်တောင်မှဖုန်းထဲကနေ
Recovery mode ထဲဝင်ပီး Firmware
ပြန်တင်နိုင်ဖို့ မိမိဖုန်းနဲ့အဆင်ပြေမဲ့
Flash Firmware တစုံလောက်ကို
ဖုန်းရဲ့ External sd card ထဲအသင့်
ဆောင်ထားပါ..
✏ Firmware ပြန်တင်ပီးရင်တော့ဖုန်းကို
မြန်မာစာသွင်းဖို့၊ Root access လိုအပ်တဲ့
ဆော့ဝဲလ်တွေအသုံးပြုနိုင်ဖို့ Root ဖေါက်ရမှာပေါ့နော်..ဖုန်းပိုင်ရှင်ဆယ်ယောက်မှာ
ခုနှစ်ယောက်လောက်ကတော့မိမိဖုန်းကို
Root ဖေါက်ဖို့ဆန္ဒရှိပါလိမ့်မယ်..မိမိဖုန်းအမျိုးအစား၊ဗားရှင်းကို Error ကင်းကင်းနဲ့
Root ဖေါက်ပေးနိုင်မဲ့ Root apkဒါမှမဟုတ်
Recovery mode ထဲကနေ Flash လို့ရမဲ့
Update zip တခုခုကိုဖုန်းရဲ့ External sd
card ထဲထည့်ထားပါ..
✏ Root ဖေါက်ပီးရင်တော့မြန်မာစာသွင်းဖို့
လိုအပ်တာပေါ့နော်..Facebook/Viber/Messager နဲ့မြန်မာဝက်ဘ်ဆိုဒ်၊ဘလော့တွေကြည့်ဖို့အတွက်မြန်မာစာသွင်းဖို့လိုအပ်
ပါတယ်..မြန်မာလူမျိုးတိုင်းကတော့အင်တာ
နက်ကိုမြန်မာစာနဲ့အသုံးပြုရတာပိုအဆင်ပြေမှာပါ..အဲဒီတော့ကိုယ့်ဖုန်းဗားရှင်းကို
မြန်မာစာမှန်အောင်သွင်းပေးနိုင်မဲ့ Font
Changer / Keyboard တမျိုးမျိုးကိုဖုန်း
ရဲ့ External sd card ထဲထည့်ထားပါ..
ခုကျွန်တော်ပြောပြတဲ့ဆောင်ရန်အချက်တွေလောက်ဆိုရင်ပဲဖုန်းတလုံးကို Factory
Reset ချပြီးတဲ့အခါ ၊ Firmware တင်ပီးတဲ့
အခါမျိုးတွေမှာအင်တာနက်မရှိ၊ကွန်ပြူတာမလိုပဲမိမိအရင်သုံးနေကြပုံစံအတိုင်းအချိန်တိုအတွင်းမှာပြန်ရအောင်ကူညီနိုင်ပါလိမ့်မယ်..အဲဒီအတွက်မိမိဖုန်းရဲ့ External sd card မှာတော့ Memory space 2GB လောက်တော့နေရာပေးရပါလိမ့်မယ်...Memory နည်းသွားမယ်ဆိုရင်လဲတခြားသီချင်းတွေနဲ့ Vdo တွေနဲနဲပါးပါးပြနိလျှော့လိုက်ပေါ့နော်