28/06/2013

Google မှာ ရှာဖွေတဲ့အခါ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်ဖြစ်အောင်

ကျွန်တော်တို့တွေဟာ အကြောင်းအရာတစ်ခုခု
ဒါမှမဟုတ် ဖိုင်လေး၊ ဆော့ဝဲလေးတစ်မျိုမျိုးကို
လိုချင်တဲ့အခါ Googling လုပ်ကြရပါတယ်

အဲဒီလို google မှာ ကိုယ်လိုချင်တာကို
မွှေနှောက်ရှာဖွေတဲ့အခါ Google Search Engine ဟာ
ကျွန်တော်တို့ ရိုက်ထည့်ပြီးရှာဖွေလိုက်တဲ့ စာလုံးတွေထဲက
Keyword တွေကို ရွေးထုတ်ပြီး အဲဒီ Keyword တွေနဲ့
တိုက်ဆိုင်တဲ့ စာလုံးတွေပါတဲ့ Post တွေကို လိုက်လံရှာဖွေပါတယ်

အဲဒီလိုရှာဖွေတဲ့အခါမှာ Default အားဖြင့် Website အသီးသီးရဲ့
Post တွေထဲက ပထမဆုံး စာလုံးပေါင်း ၁၀၀ အတွင်း အဲဒီ keyword ရှိနေမနေကို ရှာဖွေပါတယ်


အဲဒီတော့ အချို့သော SEO နိုင်နင်းတဲ့ Website တွေဟာ ရှာဖွေတာအများဆုံးဖြစ်တဲ့ Keyword တွေကို
(ဥပမာ - Free, Full Version, Crack , Patch , Keygen , Serial , Download, Hack , Earn Money စတဲ့ keyword တွေကို
သူတို့တင်လိုက်တဲ့ ပို့စ်တွေတိုင်းရဲ့ ပထမဆုံး အလုံး ၁၀၀ အတွင်း ပါအောင်ထည့်ပေးထာမျိုး
ပို့စ်ခေါင်းစဉ်တိုင်းမှာ အဲဒီ Keyword တစ်ခုမဟုတ်တစ်ခုကို ပါအောင်ထည့်ပေးထာမျိုး
Website ရဲ့ Description မှာ ထည့်ရေးထားတာမျိုးတွေကို လုပ်ဆောင်ပြီး အလည်လာသူများအောင်
Page Rang တက်အောင် စီစဉ်ထားလေ့ရှိပါတယ်
( နောင်အလျဉ်းသင့်တဲ့အခါမျိုးမှာ အဲဒီအကြောင်းကို ပို့စ်ရေးတင်ပေးပါဦးမယ် )
အဲဒါကြောင့်လည်း ကိုယ်က စာလုံးအချို့ကို ရိုက်ထည့်ပြီးရှာလိုက်တဲ့အခါ ကိုယ်ရှာတဲ့စာလုံးတော့ ပါလာပါရဲ့
အဲဒီ Website ကို ၀င်ကြည့်လိုက်တဲ့အခါ ကိုယ်ရချင်တဲ့အရာနဲ့ ဘာမှမဆိုင်တဲ့ Website ကြီးဖြစ်နေတာမျိုးတွေ
မကြာခဏကြုံရလေ့ရှိပါတယ်
အဲဒီတော့ မလိုအပ်ပဲ အချိန်ကြာသွားတာတွေ သတိလက်လွတ်နဲ့ ဗိုင်းရပ်မိသွားတာမျိုးတွေ စတဲ့ စိတ်ညစ်စရာကိစ္စတွေ
ကြုံရလေ့ရှိနေတတ်ပါတယ်
ကဲ .. ဒီပို့စ်လေးမှာတော့ အဲဒီလို Googling လုပ်တဲ့အခါမှာ မြန်မြန်ဆန်ဆန်ထိထိရောက်ရောက်နဲ့ ကိုယ်ရှာလိုက်တဲ့အတိုင်း
လွဲချော်မှုအနည်းဆုံးနဲ့ Result ထွက်လာအောင်
Google ကလည်း ကိုရှာလိုက်တဲ့ Keyword ကို ရှာဖွေတဲ့အခါမှာ အခြားရှာဖွေသူတွေရဲ့
နှစ်သက်မှုအများဆုံးဖြစ်တဲ့ Website တွေကိုပဲ ကောက်နုတ်ပြီး ရှာဖွေပေးအောင် Browser မှာ Setting လုပ်ထားနိုင်တဲ့နည်းလေးကို
မျှဝေပေးမှာ ဖြစ်ပါတယ်
Mozilla Firefox ကို သုံးပြီး ရှင်းပြထားပါတယ် အခြား Browser တွေမှာလည်း ဒီနည်းကိုမှီးပြီး Setting ထဲမှာ ရှာဖွေပြုပြင်ထားနိုင်ပါတယ်
အရင်ဆုံး Firefox ကို ဖွင့်ပြီး ကြိုက်တဲ့စာလုံးတစ်လုံးကို ရိုက်ထည့်ပြီး Google မှာ ရှာလိုက်ပါ
ရှာဖွေလိုက်တဲ့စာလုံးနဲ့သက်ဆိုင်တဲ့ လင့်တွေကျလာပြီဆိုရင် အဲဒီ Page ရဲ့ ညာဖက်အပေါ်ဒေါင့်နားလေးက စက်သွားပုံလေးကိုနှိပ်ပြီး ကျလာတဲ့ထဲက Search Settings ကိုတာကို
နှိပ်ပေးလိုက်ပါ ..





အဲဒီအခါ အောက်ပုံအတိုင်း ပွင့်လာပါမယ်





အဲဒီထဲက Never show Instant results ရဲ့ရှေ့မှာ အမှတ်လေးပြောင်းတပ်လိုက်ပါ
အဲဒီအခါ အောက်က Results per page မှာ 100 Slower ကနေ 10 Faster ကို ပြောင်းသွားတာ တွေ့ရပါလိမ့်မယ်
ပြီးရင်တော့ အောက်နားလေးက Save ကို နှိပ်ပေးလိုက်ပါ
ပြီးရင် Browser ကို ပိတ်လိုက်ပါ
နောက်တစ်ကြိမ်း ကိုယ်ရှာချင်တာကို ရှာတဲ့အခါ အရင်ကထက် မြန်ဆန်သွက်လက်လာတဲ့အပြင်
အချက်အလက်တွေလည်း ပိုပြီးတိကျထိရောက်လာတာကို တွေ့ရပါလိမ့်မယ်
ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

No comments :