25/07/2013

အရင်းအနှီးမလိုဘဲ အင်တာနက်တွင် ငွေပင်စိုက်နည်း(၀င်းကို) PDF 1+2

post-image


ကိုင်း....ဒါလေးကတော.ဘော်ဒါတွေအားလုံးအတွက်လုံးဝအကျိုးရှိမယ်လို.ယုံကြည်လို.
ကိုဝင်းကို
ဆီကနေခွင်. ပြုချက်တောင်းပြီးပြန်တင်ပေးလိုက်ပါတယ်..စာအုပ်ထဲကသူ.ရဲ.အာဘော်လေး
နဲနဲလောက်မြည်းကြည်.လိုက်ပါ

"အစားကောင်းစားရတဲ့အခါ မိတ်ဆွေကို သတိရခြင်းဟာ မင်္ဂလာတစ်ပါးပါ "

ဒီအလုပ်ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကျွန်တော့်သူငယ်ချင်းတစ်ယောက်က အီးမေးပို့ပြီး လုပ်ခိုင်းခဲ့တာပါ ။ သာမန်အလုပ်တစ်ခုလို့ ခပ်ပေါ့ပေါ့သဘောထားပြီး သေသေချာချာလည်း မဖတ်ဖြစ်ခဲ့ပါဘူး ။ ရတဲ့ငွေကလည်းနည်း ၊ Referralသဘောလည်းမသိ ၊ အိမ်မှာအင်တာနက်လိုင်း မရှိသေးတော့ ဆိုင်မှာသွားနှိပ်ရတာလည်းအဆင်မပြေ … စတဲ့အကြောင်းအမျိုးမျိုးတွေကြောင့် မလုပ်ဖြစ်ခဲ့ပါဘူး ။ အခုသူက ဆိုဒ်တစ်ခုမှာ တစ်လကို ဒေါ်လာ၁၀၀-၂၀၀ ၊ ဆိုဒ်၅ခုအတွက် ဒေါ်လာ ထောင်နှင့်ချီထုတ်နေတော့မှ ကျွန်တော်မျက်လုံးပြူးရပါတော့တယ် ။ အဲဒီတော့မှ သေသေချာချာ လေ့လာကြည့်တော့ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ဒီအလုပ်နှင့်အဆင်ပြေနေသူတွေ ဒုနှင့်ဒေး တွေ့လိုက်ရတာပါပဲ ။ အဲဒီတော့မှ လေးလေးစားစား၊ စနစ်တကျနှင့် ဒီအလုပ်ကိုပြန်စဖြစ်ခဲ့တယ်။ ပင်လယ်ရေဆိုတာ သောက်လို့မကုန်ပါဘူး ။ ဒါကြောင့်လည်း စာအုပ်လေးတွေရေးပြီး ကျွန်တော့်ရဲ့ မိသားစုတွေ ၊ မိတ်ဆွေသူငယ်ချင်းတွေ ၊ တမြေတည်းနေ တရေတည်းသောက်ကြတဲ့ ညီနောင်တွေလည်း ရပါစေဆိုပြီး မျှဝေခြင်းဖြစ်ပါတယ် ။ စာအုပ်ကိုဖတ်ပြီးရင် အလုပ်စဖြစ်အောင် စလိုက်ပါ ။ ကိုယ်မလုပ်နိုင်ရင်လည်း မိသားစုဝင်ထဲက တစ်ယောက်ယောက်ကို လုပ်ဖြစ်အောင် လုပ်ခိုင်းလိုက်ပါ ။ အမှုမဲ့အမှတ်မဲ့ ကုန်လွန်သွားမယ့် နေ့စဉ်တစ်နာရီကို အင်တာနက်ငွေပင်စိုက်ခြင်း ဖြင့် များစွာမဝေးလှတဲ့အနာဂတ်မှာ ဝေဝေဆာဆာပွင့်ဖူးလာမယ့် အသီးအပွင့်တွေကို အပြုံးတွေနှင့် ခူးဆွတ်ရင်း … သာယာချမ်းမြေ့သောနေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ …. ကျွန်တော့်ရင်ထဲက ဆန္ဒပြုလိုက်ပါတယ်ဗျာ ။

အရင်းအနှီးမလိုဘဲ အင်တာနက်တွင် ငွေပင်စိုက်နည်း PDF 1+2

2 comments :

Anonymous said...

ဒေါင်းလော့လုပ်ပြီးဖတ်မရဖြစ်နေပါတယ်facebookမှဒါရိုက်မေးချင်ပါတယ်လိပ်စာကိုgypsylay95@gmailသို့ပို့ပေးပါလားခင်ဗျာ

Unknown said...

မူရင်းစာရေးသူဖေ.စ်ဘုတ်လင်.ခ်ထည်.ပေးထားပါတယ်နော်..သူ.ကိုသွားမေးလိုက်ပါခင်ဗျ..ဖတ်မရဘူးဆိုတာကဘယ်လိုဖြစ်တာပါလဲ.. Pdf file တွေ /E.book တွေဖတ်ဖို.ဆိုရင် Reader တစ်ခုတော.စက်ထဲ.ထည်.ထားဖို.လိုပါလိမ်.မယ်..။
ဥပမာ Adobe Reader လိုဆော.၀ဲလ်မျိုးပါ..