19/08/2013

ဇူကာဘတ် Facebook အကောင့် လည်း အဟက်ခံရ



Facebook တည်ထောင်သူ မာခ်.ဇူကာဘတ်Facebook တောင်အဟက် ခံရတဲ့အနေအထားပါ။
အကောင့်ကို ယူသွားတဲ့ အဆင့်အထိတော့ မရောက်ခဲ့ပါဘူး။
 သို့ပေမယ့် ဇူကာဘတ်ပိတ်ထားတဲ့ Privacy Policy ကိုဖြတ်ပြီး 
 သူ့ Wall မှာ Post သွားတင်တအဆင့်အထိ ဖြစ်သွားပါတယ်။
 ဟက်ကာ ကတော့ ပါလက်စတိုင်း နိုင်ငံမှ Khalil Shreateh အမည်ရ
 Web Developer တစ်ဦး ဖြစ်ပါတယ်။
 Facebook က Personal Account တိုင်းဆီမှာ ကိုယ်တိုင်သတ်မှတ်လို့ရမယ့်
 Account Setting, Privacy Policy UI တို့ပေးထားပေမယ့်
 ယင်း အတားအဆီးအားလုံးကို ဖြတ်လို့ Khalil အမည်ရ ပုဂ္ဂိုလ်က 
ကမ္ဘာပေါ်မှာ ရှိရှိသမျှ အကောင့်အားလုံးရဲ့  Wall သို့ ဝင်ကြည့်နိုင်တဲ့အဆင့်အထိကို ရောက်သွားပါတယ်။ ဒါနဲ့ လက်တည့် စမ်းချင်တာကြောင့်  Zukerberg ရဲ့  Facebook Timeline ထဲကိုဝင်ပြီး
 Link တစ်ခုနဲ့အတူ စာရှည် ရေး တင်လိုက်ပါတယ်။ ယင်းလုပ်ရပ်ကြောင့် 
 Facebook လုံခြုံရေး အင်ဂျင်နီယာနဲ့ ဇူကာဘတ်တို့ အံ့သြတုန်လှုပ်ရအေင် ဖြစ်ခဲ့ရပြီး 
Khalil ရဲ့  Account ကို ယာယီ suspend လုပ်လိုက်ပါတယ်။
 အမှန်တော့ Facebook ရဲ့  Bug တွေကို ရှာပေး နိုင်သူက
 Facebook ရဲ့  တရားဝင် ဆုငွေချီးမြင့်ခြင်းကို ခံရမှာပါ။ 
သို့ပေမယ့် Khalil ဟာ Facebook ပေါ်က နာမည်ကြီး ပုဂ္ဂိုလ်များရဲ့  
Wall သုံးလေးခု အထိဝင်ပြီး Privacy ချိုးဖောက် Post တင်မှုကြောင့် 
ဘာခံစားခွင့်မှ ရရှိတော့မှာ မဟုတ်ပါဘူး။
 ဇူကာဘတ်ရဲ့  ကျောင်းနေဖက် သူငယ်ချင်းတစ်ဦးရဲ့  Wall ပေါ်တောင် Post တင်ခဲ့ ပါသေးတယ်။ သူ့အနေနဲ့ ဇူကာဘတ်ရဲ့  ဝေါကို ဝင်ရခြင်းအတွက် ဗွေမယူစေလိုကြောင်း 
 အားနာချက်များ ယခုကဲ့သို့ ရှိပါကြောင်း တရားဝင် ဝင်ရောက်ရေးသားခဲ့တဲ့အတွက်
 စောင့်ကြည့်သူများ အံ့သြသွားစေပါတယ်။ နောက်ဆုံးရင် Facebook account ပိုင်ရှင်များအနေနဲ့ Account အချက်အလက်လုံခြုံရေး အလွယ်တကူ ဖောက်ထွင်းခံရနိုင်ပြီး အကောင့်ပါ ပျောက်ဆုံးနိုင်မယ့် အနေအထားတစ်ခုကို မီးမောင်းထိုးပြနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
Facebook Engineer Team ရဲ့  ပြောကြားချက်အရ Khalil ထောက်ပြသော
Bug ကို ပြန်လည် ပြင်ဆင် လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

Ref: >>>http://mashable.com/2013/08/18/facebook-hacker-zuckerberg-timeline/

Aung Kham:>>https://www.facebook.com/techspaceJournal

No comments :