01/08/2013

စတားဘတ် ကော်ဖီဆိုင်များတွင် ကြိုးမဲ့စနစ် ဖုန်းအခမဲ့ သွင်းနိုင်ရန် စီစဉ်ပေး


ဆီလီကွန် တောင်ကြားဒေသများအတွင်း ဖွင့်လှစ်ထားသည့်
စတားဘတ် ကော်ဖီဆိုင်များတွင် မိုဘိုင်းလ်ပစ္စည်းများကို
ကော်ဖီသောက် ရင်း ကြိုးမဲ့စနစ်ဖြင့် အားပြန်သွင်းနိုင်ရန် စီစဉ်ပေးထားကြောင်း http://www.starbucks.com/ တွင် ရေးသား ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုရှိ အိုင်စီတီ လုပ်ငန်းများကို အဓိက လုပ်ဆောင်နေ သည့် ဆီလီကွန် တောင်ကြားတွင်စတားဘတ် စတိုးဆိုင်ပေါင်း ၁၀ ဆိုင် ရှိပြီး၊
 ယင်းဆိုင်များတွင် ဖွင့်လှစ်ထားသည့် ကော်ဖီဘားများတွင်duracellpowermatကုမ္ပဏီက
ကြိုးမဲ့ ဖုန်းအားသွင်းနိုင်သည့် အထူး စားပွဲများ တပ်ဆင်ပေးခဲ့သည်။
ကော်ဖီ လာသောက်သူများသည် မိမိတို့တွင် ပါလာသည့် တက်ဘလက်များ
သို့မဟုတ်မိုဘိုင်းဖုန်းများကို စားသောက်နေစဉ်အတွင်းဖုန်းများကို စားပွဲပေါ်သို့
တင်ထား လိုက်ခြင်းဖြင့် အလိုအလျောက် အားပြန်သွင်းပေးလိမ့်မည် ဖြစ်သည်။
ကြိုးမဲ့ ဖုန်းအားသွင်း စနစ်တွင်လည်း စံသုံးမျိုး ကွဲနေသဖြင့် မည်သည့် ဖုန်းနှင့် မိုဘိုင်းလ် ဖုန်းများကိုအားပြန်သွင်းခွင့် ရနိုင်ကြောင်းကိုလည်း စတားဘတ်က ကြေညာထားသည်။
ယခုစတားဘတ်က အသုံးပြုနေသည့် စနစ်မှာ PMA (Power_Matters_Alliance) စနစ် ဖြစ်သဖြင့်
 Google,Blackberry, HTC, LG, Samsung, ZTE ဖုန်းများသာ အသုံးပြုနိုင်မည် ဖြစ်သည်။ အားသွင်းခွင့်အတွက် PMA တွင်ဦးစွာ စာရင်းသွင်းခြင်း (signed on) လုပ်ဆောင်ရမည် ဖြစ်သည်။
PMA စနစ်သည် ၂၀၁၂ခုနှစ်ကတည်းက မြောက်အမေရိကတွင် စတင် တီထွင် အသုံးပြုနေသည့် ကြိုးမဲ့ နည်းပညာစနစ် တစ်ခု ဖြစ်သည်။ လက်ရှိ PMA စနစ်ကို Nexus 7, Samsung နှင့် Nokia ဖုန်းများတွင် အသုံးပြုနိုင်ရန် စီစဉ်နေပြီး၊ စတားဘတ်ကဲ့သို့ပင် Mcdonalds
ကုမ္ပဏီ ကလည်း ဥရောပရှိ စတိုးဆိုင်များတွင် ကြိုးမဲ့ အားပြန် သွင်းနိုင်မည့်စနစ်များကို ထူထောင်ထားနိုင်ရန် ပြင်ဆင်နေကြောင်း http://venturebeat.com/ တွင် ရေးသား ဖော်ပြထားသည်။

Credit>>Myawady News

No comments :